The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Friday, 26 October 2007

ဝန်းကျင်သစ်

နေရာတစ်နေရာကို ငါ ရောက်နေတယ်...
မြို့ငယ်လေးတစ်မြို့ပါ။
ငါ ဖြတ်သန်းမယ့် နေရာလေးတစ်ခုပေါ့....
တစ်ခါတစ်ရံ
အားငယ်တဲ့စိတ်က
အလိုလိုဖြစ်ပေါ်နေခဲ့
ခန်းဆောင်တွေထဲမှာက
စိတ်ရင်းနဲ့အားပေးခဲ့သူလည်း တွေ့ခဲ့ရ
အားပြိုင်မယ့်သူလည်း တွေ့ကြုံရ
အားလုံးပြည့်စုံပါပေ့...
အဲဒီလို အတုမရှိ လူ့အဖွဲ့အစည်းမျိုးထဲ
ငါ.... နေနိုင်ပါတယ်။

ကံ၊ ဥာဏ်၊ ၀ီရိယ

ကံ၊ ဥာဏ်၊ ၀ီရိယ
သိပ္ပံပညာရှင်ကြီး အေဒီဆင်သည် သူ၏ စမ်းသပ်ရှာဖွေမှု အောင်မြင်သည့်အတွက် အထိမ်းအမှတ်ပွဲ ကင်းပပြုလုပ်နေသည်။ ပါတီ တက်ရောက်လာသော သတင်းစာဆရာ တစ်ဦးက သိပ္ပံပညာရှင်ကြီး အေဒီဆင်ကို
ဆရာ အောင်မြင်မှုဟာ ဆရာရဲ့ကံကြောင့်လား
ဟု မေးလိုက်သည်။
သတင်းစာဆရာတစ်ဦးမေးသော မေးခွန်းကို အေဒီဆင်က ပြုံးပြီး အဖြေပြန်ပေးသည်။
ကံ မလို့ ကျုပ် အောင်မြင်တာ မဟုတ်ဘူး။ ကျုပ်အောင်မြင်မှုရဲ့ အကြောင်းတရားကို ရှာကြည့်မယ်ဆိုရင် ဥာဏ်က တစ်အောင်စလောက်ပါပြီး ၀ီရိယက တစ်တန်လောက်ပါတယ်
အေဒီဆင်၏စကားကို အသေအချာ စဉ်းစားကြည့်သင့်သည်။ မိမိတို့၏ လုပ်ငန်းကိစ္စတစ်ခုခု အောင်မြင်မှုမရှိလျှင် ကံကို ရိုးမယ်ဖွဲ့ပြီး
ငါ ကံဆိုးလှချည်လား
ဟု မြည်တမ်းနေကြသည်။ မိမိတို့၏ လုပ်ငန်းကိစ္စထမြောက်အောင်မှု မရှိခြင်း၌ ၀ီရိယ၏ အပိုင်းအစ ဘယ်လောက်ပါသနည်းဆိုသည်ကိုမူ ထည့်တွက်ရမှန်းမသိ ဖြစ်နေကြသည်။ ကံကိုသာ အကြောင်းတရားအဖြစ် ပုံချနေကြသည်ဖြစ်၍ ၀ီရိယကို မေ့နေကြသည်။


ပါရဂူစာအုပ်မှ ကောက်နုတ်ချက်

Cascade






** Love me with thine hand stretched out freely open minded.


*** Only Three things are infinite:
the sky in its stars,
the sea in its drops of wa