ညိုပြာပြာ၊ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်။ လှိုင်းသက်ရာဆင်း
ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ
မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျက်ပဲ
ဆရာဇော်ဂျီ၊ တက္ကသိုလ် မိုးဝေမဂ္ဂဇင်း၊ ၁၉၆၀ ပြည့်နှစ်
အဲဒီ ကဗျာလေးက စိတ်ကို အားရှိစေတယ်လေနော်။
goldmyanmar
ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....
Monday, 29 October 2007
အပြုံးနှင့် တုံ့ပြန်ပါ
ကျွန်မတို့ ဥယျာဉ်ကြီးတစ်ခုထဲကို ရောက်သွားရင် ကျွန်မတို့ရဲ့အာရုံဟာ ပွင့်နေတဲ့ ပန်းများဆီ ရောက်သွားတယ်။ ဓာတ်ပုံရိုက်နေတဲ့သူများဟာ အမြဲမပြတ်ပြုံးနေတဲ့မျက်နှာရှိသူများရဲ့ ပုံကိုပဲ ရိုက်ယူကြတယ်။ လောကမှာ ပြုံးရွှင်နေတဲ့ လူများကိုပဲ နှစ်သက်ကြတယ်နော်။ မျက်မှောင်ကုတ်ပြီး မျက်နှာထားတင်းမာနေတဲ့လူနဲ့ မျက်နှာ အမူအရာ မရွှင်မပျဖြစ်နေတဲ့လူတွေကို ဘယ်သူမှ မချဉ်းကပ်လိုကြဘူး။ မိမိတို့က ပြုံးရယ်နေရင် ကမ္ဘာလောက ကြီးကလည်း မိမိတို့နဲ့အတူ ပြုံးရယ်နေလိမ့်မယ်။ မိမိတို့က ငိုနေရင်တော့ မိမိတို့နဲ့အတူ ဘယ်သူကမှ လိုက်ငိုမှာမဟုတ်ဘူး။ မိတ်ဆွေအနေနဲ့လည်း ပြုံးပြုံးရွှင်ရွှင်နေတတ်အောင် ကြိုးစားပါ။ မိမိရဲ့ မျက်နှာပြုံးပြုံးရွှင်ရွှင် ဖြစ်နေရင် တခြားသူများက မိမိကို မိတ်လာမဖွဲ့ဘဲနေမှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်နော်။ အမြဲ ပြုံးပျော်ရွှင်ပြီး မိတ်ဆွေအပေါင်း တိုးပွားနိုင်ကြပါစေလို့ ယမင်း ဆုတောင်းပေးလိုက်ပါတယ်။
အချစ်ဆိုတာ........
အချစ်ဆိုတာ........
ဒုက္ခရဲ့ နိဒါန်း
သောကရဲ့ မြစ်ဖျား
အလွမ်းရဲ့ ဗဟို
အပြိုပြို အလဲလဲ
ငိုလို့မဆုံး
ဒုက္ခရဲ့ နိဒါန်း
သောကရဲ့ မြစ်ဖျား
အလွမ်းရဲ့ ဗဟို
အပြိုပြို အလဲလဲ
ငိုလို့မဆုံး
