goldmyanmar
ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

ပင်လယ်ပဆုပ်ပနီကောင် ဖြစ်ပါတယ်။
ဒီအကောင်လေးများသည် အလွန်အဆိပ်ပြင်းထန်ပြီး လူသားတစ်ဦးအား ၁၀ မိနစ်အတွင်း သေစေနိုင်ပါတယ်။ (မယုံကြည်သူများ မစမ်းသပ်ပါနဲ့ အာမှ မခံပါ)

လသာမဲ့ ညကို တမ်းတခြင်း
ဒီညဟာ ကျွန်မ အိပ်မပျော်တဲ့ ညတစ်ည
ဒီညဟာ လမင်းအနားယူနေတဲ့ ညတစ်ည
ဒါပေမဲ့ မကြာမီ လပြည့်တော့မယ်
ပြတင်းပေါက်ပေါ် လရောင်က ဖြာအကျ
ဟော လမင်း ထွက်လာပြီ
ကျွန်မပြောပြရင် ပြေးကြည့်ပြီးမှ ယုံပါ
တစ်စိတ်မဟုတ် တစ်ခြမ်းမဟုတ်
ပြည့်ပြည့်၀၀ တစ်ကိုယ်တည်းလည်း မဟုတ်
လမင်းတစ်ရာ သာနေသည်သာ...
ကမ္ဘာပေါ်မှာ ငြိမ်းချမ်းခြင်း ရှိစေချင်ပါတယ်။ ငြိမ်းချမ်းရေးရှိသော အရပ်မှာ လရောင်လည်း ရှိပေလိမ့်မယ်။ လရောင်ထွန်းလင်းတဲ့ အရပ်၌ လူတိုင်းနေချင်ကြမှာ အမှန်ပါ။ လရောင် အောက်မှာဆိုရင် ဘာမဆို လှပငြိမ်းချမ်းနေမှာပေါ့။ အမှောင်ထဲမှာနေရတာထက် စာရင်တော့ လရောင်အောက်မှာ အသက်ရှင်ရတာ ပိုကောင်းမယ်လို့ ထင်မိပါတယ်။ ကျွန်မသည် တစ်ခဏတာ သာသော လရဲ့အရိပ်ကို တပ်မက်မိတယ်။ လရောင်ကို မြင်ရင် ကျွန်မ ကြည်နူးတယ်၊ ပျော်ရွှင်တယ်။ မအိပ်ဘဲလည်း နေလို့ရတယ်။ လပြည့်ညဆိုအရမ်းပျော်တယ်။ မိုးကောင်းကင်ကို ခဏခဏ မော့်ကြည့်ရတာ အမောပါဘဲ။ ဟုတ်တယ်လေ။ လူတိုင်း အမှောင်ထဲမှာ ဘယ်သူမှ မနေချင်ကြဘူးလေ။ ကျွန်မ အပါအ၀င်ပေါ့။ မိတ်ဆွေတို့ကော အမှောင်နဲ့ အလင်း ဘယ်ဟာကို ပိုနှစ်သက်လဲဟင်...
ဘ၀မှာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်တယ်။
သူတစ်ပါး နှာခေါင်းပေါက်နဲ့ အသက်မရှူချင်ဘူး။ အသက်ရှူရမှာကိုလည်း အမုန်းဆုံးပဲ။
ကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းမ)