The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Tuesday, 6 November 2007

ပုံရိပ်စစ်

ကျွန်မဟာ အထီးကျန်လမ်းမှာ
လျှောက်နေတယ်.....
ဒါ ကျွန်မ သိကျွမ်းတဲ့
တစ်ခုတည်းသော လမ်းပါ
ဒီလမ်းက ဘယ်ကိုရောက်မှာလဲ
ကျွန်မ မသိဘူး
ဒါပေမဲ့ ဒီလမ်းက ကျွန်မအိမ်ပဲမို့
တစ်ကိုယ်တည်း လျှောက်နေရပါတယ်။
ဟာလာဟင်းလင်း လမ်းမကို
ကျွန်မ လျှောက်လာတယ်
အပိုင်းအစ အိပ်မက်များရဲ့
လမ်းလယ်ကောင်မှာပေါ့
မြို့ကြီးက အိပ်စက်နေလေရဲ့
ကျွန်မကတော့ တစ်ယောက်တည်းပဲ
ဘယ်ဟာ ဆိုးကောင်းဆိုတာ
မျဉ်းတွေရဲ့ကြားမှာ
ကျွန်မ မှန်းဆကြည့်မိတယ်
အသက်ရှင်ဖို့ လိုအပ်တဲ့
အဓါကအရာတွေကို ဆန်းစစ်ရင်း
ကျွန်မ တစ်ကိုယ်တည်း
ဆက်လျှောက်ခဲ့မိပါတော့တယ်.....