The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Thursday, 8 November 2007

ဆီဗုံးသို့ မိုက်ရိုင်းညစ်ညမ်းစွာ လာရောက်ဆဲရေးသွားသူအတွက် မှာတမ်း

ငါတို့သည် ငါတို့ တွေးကြံသည့်အတိုင်းသာ ဖြစ်ရသည်။
ငါတို့၏စိတ်ကပင် ငါတို့ကို ဦးဆောင်လေသည်။
ငါတို့၏စိတ်ဖြင့်ပင် လောကကို ပြုပြင်စီရင်၏။
မစင်ကြယ်သောစိတ်ဖြင့် ပြုမူပြောဆိုခဲ့မိလျှင်
ဒုက္ခသည် သင်၏နောက်သို့ လိုက်လာလိမ့်မည်။
လှည်းကိုဆွဲသော နွား၏နောက် လှည်းဘီးက
အစဉ်အမြဲ လိုက်လံသည့်ပမာတည်း။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်။

မစင်ကြယ်သော အတွေးအကြံစိတ်ကို လိုက်သူသည်
ယခုဘ၀ရော နောက်ဘ၀ပါ နှစ်ဘ၀လုံး
ဆင်းရဲဒုက္ခရောက်လိမ့်မည်။
ကိုယ်ပြုသည့် မကောင်းမှုကို မြင်သည်နှင့်အမျှ
ကြီးမားစွာ ဆင်းရဲပူပန်ရမည်သာ ဖြစ်ပေတော့မည်။

အကယ်လို့ လူတစ်ဦးသည် စိတ်ဓာတ်ညစ်ညမ်းသူ ဖြစ်လျှင် မိုက်ရိုင်းစော်ကားသူဖြစ်နေလျှင်
ဘယ်လိုလူမျိုး ဖြစ်မည်နည်း။

သင် သတိပြုပြီး ဆင်ခြင်လော့
မွေးမိခင်ကို ရိုသေပါ...
လမ်းမှန်

ငါဟာ...
မသွားတတ်တဲ့ ဂဏန်းတစ်ကောင်ပါ။
ဘယ်အရာမဆို အားလုံးနဲ့ဆန့်ကျင်ဘက်
လုပ်ရမှ ကျေနပ်တတ်တဲ့ ငါ
အမြဲဘုဂလန့်ပြောတတ်တဲ့ ငါ့ရဲ့အကျင့်
ဘေးပတ်ဝန်းကျင်ကတောင်
ပြောယူရတဲ့ ငါ့ရဲ့စရိုက်
ဘယ်လိုပြောပြော ပြုပြင်မယူချင်တဲ့စိတ်
ဒါကိုမှ နှစ်ခြိုက်ကျေနပ်နေတဲ့ ငါ
ဘာလို့ ကန့်လန့်သွားနေတာလဲလို့
ပြောခံရတိုင်း ကျွန်မပြန်ပြောတတ်တဲ့
စကားတစ်ခွန်းရှိတယ်
ဒါဟာ ဘာလဲဆိုတော့
ငါဟာ ကရကဋ်ဖွားဖြစ်နေလို့ပေါ့.
ဟုတ်တယ်လေ ဂဏန်းဆိုတာ
ဘယ်တုန်းကမှ တည့်တည့်သွားတာ မမြင်ဖူးခဲ့ဘူးလေ
ဒါပေမဲ့ ဂဏန်းလည်း
သူသွားခ&