The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Sunday, 11 November 2007

နတ်ရေးတဲ့ဖူးစာ လူဖျက်၍ မရနိုင်

တစ်ရပ်တစ်ကျေးမှာနေတဲ့ မောင်နဲ့ မေ တစ်နေရာမှာ တွေ့ဆုံပြီး အိမ်ထောင်ကျကြစေလို့ ဖူုးစာရေးနတ်မင်းက သူတို့ နဖူးမှာ မမြင်ရတဲ့ ရွှေမင်နဲ့ စာရေးလိုက်တယ်။ နဖူးစာပါသူချင်း ဆုံဆည်းပေါင်းဖက်မိကြတယ်။ ဒီအယူအဆက ကျွန်မတို့ မြန်မာနဲ့တူတ်။ မောင်ရဲ့နဖူးမှာ မေ့ရဲ့အမည်ရေးထိုးပေးလိုက်တယ်။ မေရဲ့နဖူးမှာ မောင့်ရဲ့အမည်ရေးထိုးပေးလိုက်တယ်။ ဒီနည်းနဲ့ ဖူးစာရေးနတ် ဖန်တီးပေးလိုက်လို့ နဖူးစာပါလို့ ပေါင်းဖော်မိကြတယ်။ ဖူးစာရေးနတ်က ရေးပေးလိုက်လို့ လူဝင်ဖျက်လို့ မရပါဘူးတဲ့။ ဆိုရိုးစကားကြားခဲ့ဖူးပါတယ်။
မိတ်ဆွေတို့ကော ကိုယ့်နဖူး ကိုယ်မှန်နဲ့ ကြည့်ကြဦးနော်။ အမည်မှားမှာစိုးလို့ပါ....


ကတော့ခရုလေးတွေဖြစ်ပါတယ်။ ကတော့ခရုကောင်လေးများသည် လှပ၍ ကောက်ယူသိမ်းချင်စဖွယ်ဖြစ်ပါတယ်။ သတိပြု ဆင်ခြင်ရပါလိမ့်မယ်။ သူ့ကို ဖမ်းလိုက်သည်နှင့် မှီလောက်သောနေရာ အကွာအဝေးသို့ရောက်လျှင် အဆိပ်များကို ပန်းထုတ်တတ်ပါတယ်။ ထိမိသော ဒဏ်ရာဟာ အလွန်နာကျင်ပြီး အခန့်မသင့်လျှင် အသက်ဆုံးရှုံးရတတ်ပါတယ်။
လပြည့်ဝန်း

လမင်းရယ်...
တကယ်တော့ ကိုယ်ဟာ
မင်းပျော်ပါးနေထိုင်ရာ
ထက်ကောင်းကင်ဝေယံမှာ
နေနိုင်သူလည်း မဟုတ်ခဲ့ပါ...
မင်းရဲ့အလင်း
လင်းသထက်လင်းအောင်
ဆောင်ကြဉ်ညးပေးနိုင်တဲ့
ညခင်းလည်း မဟုတ်ခဲ့ပါ...
မင်းရဲ့အနား
ဝန်းရံခစားနေတဲ့
တောက်ပတဲ့ အလင်းနှင့်
ကြယ်ကလေးများရဲ့ အဆင်းကိုလည်း
ယှဉ်နိုင်သူ မဟုတ်ခဲ့ပါ...
မဖြစ်နိုင်မှန်း သိရက်နှင့်
မင်းကိုမှ သံယောဇဉ်ဖြစ်မိတဲ့စိတ်ကိုလည်း
တားဆီးလို့ မရနိုင်တော့ပါ...
အဲဒီတော့ လမင်းရယ်
ဟိုတစ်ချိန်တစ်ချိန်ဆီက
မင်းဆီက ရဖူးတဲ့
အကြင်နာ အတုအယောင်တွေကိုပဲ
ပြန်လည် မြင်ယောင်ရင်း
တမ်း