The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Sunday, 18 November 2007

အဘွားဆုံးသွားတဲ့အတွက် အစစအရာရာ ကူညီခဲ့ကြသော ချစ်သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ လာရောက်အားပေးနှစ်သိမ့်ခဲ့တဲ့ သိုးမလေးနဲ့ မြည်းကလေးကိုလည်း အစ်မရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ်။ ပြီးတော့ သတင်းမေးကြသော ဘလောဂ့်မောင်နှမများအားလုံးကိုလည်း အမြဲအမှတ်ရနေမိမှာပါနော်။ ၀မ်းလည်းသာမိတယ်။ ယမင်းမှာ ဒီလို မောင်နှမတွေ မိတ်ဆွေတွေ အပေါင်းအသင်းတွေရှိနေတယ်ဆိုတာ ယမင်းသိလိုက်ရတဲ့အတွက်ကြောင့်ပါ။ ပြီးတော့ မောင်လေး မျှားပြာရယ်၊ မောင်လေးအေးချမ်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်နော်။ တကူးတက သတင်းမေးဖော်ရတဲ့အတွက် ၀မ်းလည်းသာမိတယ်။
၂၀၀၇ ခု ၁၁ လပိုင်းမှာ ယမင်းဘလောဂ့်လုပ်တဲ့သက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလေ... ဒီနှစ်အတွင်းမှာ ယမင်းပြောမှားဆိုမှားရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါနော်...