The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Tuesday, 18 December 2007

ခေတ်တစ်ခေတ်ရဲ့ ခြေလှမ်း

ခေတ်တစ်ခေတ်ရဲ့သမိုင်းကြောင်း
လေ့လာလို့ မပြီးဆုံးသေး
နောက်တစ်ခေတ် ရောက်ရှိလို့လာခဲ့
သြော်.... IT ခေတ်ဆိုပါလား....
တဖြည်းဖြည်းနဲ့ လိုက်မမီတော့တဲ့
ခေတ်ကို ရောက်ရှိနေပါပြီကော
မမီ မီရာနဲ့ လိုက်ဆိုသလို
ရောက်နေတဲ့နေရာက
ဆက်လိုက်ခဲ့ရ
တော်သေးပါရဲ့
ငါ အလှမ်းမဝေးသေးပါလား....
တွေးတုန်းရှိသေး
Internet ခေတ်ကို
ထပ်မံရောက်ရှိလို့လာပြန်
အင်း...
လိုက်လေ ဝေးလေ
ခေတ်ပြောင်းကြီးထဲ
ငါ့ဘဝ
ဘယ်လိုများမှ မီအောင်
ဆက်လိုက်ရပါ့....

မြောက်ပြန်လေနှင့်အတူ

တစ်ခါ ဆောင်းရာသီကို ရောက်လာပြန်ပေါ့
မိုးအကုန် ဆောင်းအကူး
ဆောင်းလေမြူးတဲ့ချိန်ခါ
တစ်နှစ်မှာ တစ်ခါသာ ပွင့်တဲ့
"ဆောင်တော်ကူး" ချိန်ခါမို့
မျှော်ခဲ့မိတာတော့အမှန်
ဖျင်ကြမ်းလေးနှင့် အနွေးထည်ဝတ်လို့
ဆောင်းအကူးကို ငါ ကြိုဆို
နှင်းလေးတွေ ဝေနေရင်
ရင်ထဲမှာ ပြုံးပျော်ရွှင်
မြောက်ပြန်လေတိုက်ပြန်တော့
ဆောင်တော်ကူးတွေ ပွင့်ပါပေါ့....

ပင်ပန်းလိုက်တာ မင်္ဂလာဆောင်ကူညီပေးရတာ

တော်သေးတယ် ပြီးသွားလို့ ဟွန်း...