The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Sunday, 23 December 2007

အမှတ်တရ နေ့ရက်များ

အတူပျော်ခဲ့ နေ့ရက်များကို
ဘ၀တစ်သက်တာ
အမှတ်တရဖြစ်ခဲ့တယ်....
သွားလာလှုပ်ရှား နေ့ရက်များကို
မေ့ပစ်ဖို့တော့
ခဲယဉ်းနေခဲ့....
တစ်နေ့တစ်ချိန် ပြန်မဆုံခဲ့ရင်
မင်းတို့ရင်ထဲ
မှတ်မှတ်ရရ
ရှိနေခဲ့ရင်
အစ်မ....
ကျေနပ်ပီတိဖြစ်မိမှာပါ ညီမလေးတို့ရယ်....

(ခွဲခွာခဲ့ရသော ညီမလေးတို့အတွက်)

ငါးနှစ်တာအလွမ်း

အတူနေခဲ့ နှစ်ငါးနှစ်အတွင်း
အတူပျော်ခဲ့ အပြစ်မဲ့ပျော်ရွှင်မှုများ
ငါလေ တစ်နေ့မှ မေ့မရခဲ့ပါ
ညီမလေးတို့ရယ်...
ဒီအချိန်မှာ ပြန်တမ်းတလဲ
လွမ်းလို့ ဝေးပြီမို့
ဝေးခဲ့ရတဲ့ လပေါင်း
သုံးလကျော်ခဲ့ပြီပေါ့
ကံကြမ္မာရယ်...
ဆုတောင်းခွင့်သာရှိခဲ့ရင်
ငါနှင့်အတူ
သံယောဇဉ်ရှိတဲ့သူများကို
မခွဲမခွာ အမြဲအတူ
ရှင်သန်ခွင့်ပေးပါ....




Caps Lock, Num Lock, Scroll Lock ကီးများကို မှားယွင်းစွာ သုံးမိပါက အသံ သို့မဟုတ် အရိပ်ပြပြီး အချက်ပေးနည်း ဖြစ်ပါတယ်။

တစ်ခါတစ်ရံ မတော်တဆ Caps Lock ကို ထိမိကာ ပွင့်နေခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် Num Lock ကီးကို ပိတ်မိရင်လည်း Keypad ကို သုံးလို့ မရတတ်ပါ။ ထိုသို့ အမှားများ ပြုလုပ်မိပါက အရေးကြီးသော အလုပ်လုပ်မည်ဆိုရင် နှောင့်နှေးစေတတ်ပါတယ်။ ဒါကြောင့် အမှားပြုလုပ်မိပါက အသံနှင့် သတိပေးခြင်း သို့မဟုတ် မော်နီတာတွင် အချက်ပြခြင်းများ ပြုရန် တင်ပြပေးလိုက်ပါတယ်။ လိုအပ်မယ်လို့လည်း ထင်ပါတယ်။ ဒါမှမဟုတ် သိပြိးသားလည်း ဖြစ်ချင်ဖြစ်နေမှာပါ။ ယမင်း သိသလောက်ကို ပြောပြခြင်းသာ ဖြစ်ပါတယ်။