goldmyanmar
ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....
ဒီဇင်ဘာ ၃၁ ည ရင်ခုန်သံ
(၂၀၀၈ ကို ကြိုဆိုလျက်)
ဘလောဂ့်လောက အစပြုခဲ့
ဘလောဂ့်မောင်နှမတွေသည်
ချစ်ခင်ကြည်ဖြူ
ညီတူလက်တွဲ
တစ်ယောက်အခက်အခဲ
တစ်ယောက်ကူညီ
နှစ်ဟောင်းမှ နှစ်သစ်သို့
တိုင်ခဲ့လေပြီ...
အဆုံးမရှိ နှဏ်များစွာတွင်း
ရင်းနှီးစိတ်ရင်း
ဒီစိတ်နဲ့ပင်
လာမည့်နှစ်များ
ဖြတ်သန်းချင်သည်
၂၀၀၇ ဒီဇင်ဘာ ၃၁
ည ၁၂ နာရီမှ တည်စေသော်....
(နှစ်ဟောင်းမှနှစ်သစ်များစွာတိုင် ယမင်းဖြစ်ချင်သည့်အကြောင်းအရာကို ထုတ်ဖော်လိုက်ပါတယ်။ ယမင်းရဲ့စိတ်ရင်းကို ဒီကဗျာနဲ့ တံတားလို ခင်းပေးလိုက်ပါပြီ။ ယမင်းရဲ့စိတ်ရင်းတံတားလေးပေါ်ကနေ ဘလောဂ့်မျှော်စင်များ ဆက်လက် တည်ဆောက်နိုင်ကြပါစေနော်။)
အင်း မောင်ရန်က ရေးဖို့ လာ Tag သွားတဲ့အတွက် မရေးရင်လည်း မကောင်း၊ ရေးပြန်ရင်လည်း မရေးတတ် ဘယ်လိုလုပ်ရပါ့။ များများရေးရမလား နည်းနည်းရေးရမလား ဖြတ်သန်းခဲ့ရတဲ့နှစ်တွေက မနည်းတော့ဘူးလေ။ ဒီတော့ နိဒါန်း မစ၊ စာကိုယ်မရေး၊ နိဂုံးဘဲ ရေးလိုက်တော့မယ်နော်။ ကောင်းတယ်မလား။ လူလောကကို စပြီရောက်ပြီးသကာလ လူမှန်းသိတတ်စလို့ဘဲ ပြောရတော့မှာပေါ့။ ဒီလိုနေ့ရက်တွေဆို ပျော်ရွှင်ခဲ့ရဖူးတယ်။ ငယ်တုန်းကတော့ အဲလောက်ကြီး မဟုတ်ပေမဲ့ နည်းနည်းကြီးလာတော့ ယမင်းတို့ ရပ်ကွက်ထဲမှာ လူငယ်တွေစုပြီး လူကြီးတွေကို ဒုတ်ခပေး အဲ အကူအညီတောင်းတာပါ။ အတင်း အေးဓားပြတိုက် ပိုက်ဆံတောင်း၊ ပြီးရင် လမ်းလယ်ကောင်မှာ မီးဖို ဖို အမြဲတစ်ခုမဟုတ် တစ်ခု လုပ်စားကြတယ်။ ငယ်တုန်းက လူကြီးတွေလုပ်တော့ ကိုယ်က ချက်ပြီးရင် စားချင်တာပေါ့။ သူတို့က အခု မစားရသေးဘူး။ New year အော်ပြီးမှ စားရမှာလို့ပြောတာနဲ့ ကလေးတွေစုပြီး happy new year လို့ ကုန်းအော်တော့တာပါပဲ။ ဒါကို လူကြီးတွေက ဟဲ့ ည ၁၂ နာရီထိုးမှ အော်ရမှာ ခု မအော်ရသေးဘူးလို့ပြောတော့ ကိုယ်တွေက အိပ်ချင်နေတာကိုး။ စားပြီးအိပ်မယ်ဆိုပြီး အော်တာပေါ့။ နောက်ပိုင်း အလုပ်ဝင်တော့ ရပ်ကွက်ထဲမှာ မပျော်ရတော့ဘူး။ ရုံးက ပွဲလုပ်တော့ အဲဒီပွဲမှာ တစ်ညလုံး အိပ်ငိုက် အဲ မှားလို့ ပျော်ရတော့တာပေါ့။ ဟိုးအရင် ရုံးတုန်းကတော့ အင်းယားနားက ခြံထဲမှာ လုပ်တယ်။ ပွဲမလုပ်ချင် အင်းယားကန်ဘောင်ပေါ် လျှောက်သွားလိုက်နဲ့ ပျော်ဖို့ကောင်းတယ်။ အဲ ပွဲကို မသွားခင် ရုံးမှာ လူစုပြီး ATT ကစားကွင်းမှာ သွားဆော့ပြီးမှ ပါတီပွဲကို သွားတာ။ ပြီ&