The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Monday, 3 March 2008

အိပ်မက် မက်ခွင့်ပြုပါ

 

အတွေးတွေ ပြည့်သိပ်နေတဲ့ ညလယ်ကောင်တွေထဲ
သတိရခြင်းက ငါ့ရင်ဘတ်ပေါ် အလွမ်းတွေက ပြိုကျ
မျှော်လင့်တိုင်း မက်ခွင့်မရတဲ့ အိပ်မက်တွေက
ညနံရံတွေကို တစ်စစီ ရိုက်ခတ်တိုက်စားလို့
နာရီတွေသာ အချိန်မှန် ပုံမှန်လည်ပတ်နေမြဲ
အချိန်တွေကို ၀ါးမြို
တစ်စတစ်စနဲ့ ရာသီတွေအလီလီပြောင်း
နှစ်ဟောင်းတွေကုန် နှစ်သစ်တွေကူးပြန်ပါပေါ့
မပြောင်းလဲသေးတဲ့ ဘ၀နဲ့လောကတွင်း ဖြတ်သန်း
လွမ်းမိတိုင်းလည်း စဉ်းစားမရ
ဘာကို ဘယ်လိုလွမ်းမိမှန်းလည်း မသိ
အလွမ်းသံသရာသာ ရှည်လျားနေခဲ့
တမ်းတမိတဲ့ အိပ်မက်တိုင်း
မင်းရဲ့အရိပ်များ ညစဉ်မက်စေခဲ့
ငါ့ရဲ့အတ္တများ
ခုတော့...
အိပ်မက်တွေနဲ့ မျောပါခဲ့ပေါ့
လွမ်းတိုင်း မက်ခွင့်မရှိတဲ့ အိပ်မက်သခင်ရယ်
ညတိုင်း အိပ်မက် မက်ခွင့်ပေးပါ....

2 comments:

ChIr0N said...

အိပ်မက် မက်ခွင့်ပြုပါတယ်ဗျ။ ကဗျာလေး မိုက်သားဗျ။ နောက်ထပ် ရေးဦးဗျာ။ အားပေးလျက်ပါ။

kyawt said...

အိမ်မက်သခင် ကျမ ခွင့်ပြုတယ်
အိမ်မက်များများမက်စေဗျား...........