The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Wednesday, 5 March 2008

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ပတ်ဝန်းကျင်


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မြို့၏ ပတ်ဝန်းကျင်တွင် ခရီးသွားများအား ဆွဲဆောင်နိုင်မယ့် လှပသော သဘာဝ ပတ်ဝန်းကျင်အခြေအနေများရှိသည့်အပြင် ဂူဘုရားအပါအ၀င် စေတီပုထိုးများစွာလည်း တည်ရှိကြောင်း တွေ့ရပါတယ်။
     ထိုကဲ့သို့ တည်ရှိတဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေများ အရှိန်မပျက် ဆက်လက်ထိန်းသိမ်းထားနိုင်ပါက ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းတွေ လက်ရှိအနေအထားထက် ပိုမိုတိုးတက်များပြားလာမယ်လို့ ယူဆမိပါတယ်။
     ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံမြို့ ဇွဲကပင်တောင်ထွတ်မှ ကြည်ညိုဖွယ်ရာ ဇွဲကပင်ဆံတော်ရှင်စေတီ၊ တောင်ကုန်းတောင်တန်းများအကြားမှာတွေ့ရတဲ့ ကွေ့ဝိုက်စီးဆင်းလာတဲ့ သံလွင်မြစ်ရဲ့ သဘာဝ ရှုမငြီးဖွယ်အလှ၊ ဇွဲကပင်တောင်ထွတ် ကျောက်ကလပ်စေတီ၊ ဘားအံမြို့ သံလွင်မြစ်ကမ်းနံဘေးမှာ တည်ရှိတဲ့ ရွှေရင်မျှော်ဘုရားကိုလည်း တွေ့ရမယ်။ နောက်တစ်မျိုးခေါ်တာက ဖားအောက်စေတီဆိုလားပဲ။ ပြီးတော့ ဘားအံမြို့နယ်၊ ကော့ကသောင်ရွာမှာရှိတဲ့ ကော့သသောင်ဂူ၊ ပတ္တမြားဂူနှင့် ဘားအံမြို့ ကန်တော်ကြီးတို့မှာ ဘားအံ့မြို့ကို သွားရောက်လည်ပတ်ကြသူများအတွက် အလွန်ကြည်နူးနှစ်သက်ဖွယ်ရာ နေရာတွေပဲ ဖြစ်ပါတယ်။ မြန်မာပြည်တွင် တန်ခိုးကြီးဘုရားများစွာ ရှိတဲ့အနက် ကရင်ပြည်နယ် ဘားအံမြို့ရဲ့ ကျက်သရေဆောင်သဘာဝအလှဆီသို့ တစ်ခါတစ်ခေါက် သွားရောက်လည်ပတ်သင့်ပါတယ်လို့  အကြံပြုပါရစေ။

0 comments: