The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Wednesday, 12 March 2008

ဘ၀နဲ့ လမ်း

မနက်ဖြန် ပေါင်းများစွာနဲ့အတူ
အိုမင်းရင့်ရော်မှုတွေ ဘယ်လို တားဆီးမလဲ
နှင်းတွေနဲ့ ပြုံးလိုက်တိုင်း ငယ်မူပြန်
ဖြစ်ရိုးဖြစ်စဉ် ကံကြမ္မာတီးလုံးလေးတွေ နားဆင်
ကာရံမညီတဲ့ ကဗျာလေးတွေ ရေးဖွဲ့ရင်း

မယဉ်ကျေးတဲ့ လောကဓံကို ဥပေက္ခာပြုလို့
ချမ်းစိမ့်စိမ့် အေးချမ်းမှုလေးတွေနဲ့ ဆောင်းအကုန်
အိပ်မက်ကောင်းလေး ယူလာပေးပြီး
ငါ့အတွက် အဖော်မဲ့နေ့ရက်တွေဖြတ်သန်း
သဘာဝတရားကို အံတုလို့
ကောက်နေကျ ခရေပန်းတောင်
မကြွေလွင့်တော့ပါလား...

ဒါပေမဲ့...
ခရေပင်လေးကတော့ ခုထိ ပျံ့သင်းနေဆဲ
ငါ့မှာတော့ အိပ်မက်ဟောင်းလေးတွေ
ထပ်ကာထပ်ကာ မက်ရင်း
ဘ၀မှာ ဖြစ်ခဲ့ဖူးတဲ့
ကလေးဘ၀ကိုပြန်တမ်းတ
လွမ်းရလို့ အားမရနိုင်ပေမဲ့
ပြန်မရနိုင်တော့တဲ့ အတိတ်ဟာ
အရိပ်ပမာဖြစ်နေခဲ့
ဟန်ဆောင်မှုတွေနဲ့လောကထဲမှာ
ကျင်လည်ရင်း
ဘ၀ကြီးရှိနေသရွေ့
ရှေ့ဆက်ရမယ့် လမ်းကို မျှော်ငေးရင်း
တစ်ယောက်တည်း ဆက်လျှောက်ရဦးမှာပေါ့...

0 comments: