The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Sunday, 16 March 2008

ကိုယ်သိချင်သည့် မေတ္တာတရား



တောင်ပြောင်သစ်သစ် ခေါင်းလောင်းဖြစ်လျက်
ထိုးနှက်မတီး မဟည်းနွဲ့ပြောင်း သံမငြောင်းမူ
ခေါင်းလောင်းဆိုတာ ဘာလဲကွယ်....

အဓိပာယ်ရင့်ထွား
တေးသွားပြေပြစ် သီချင်းဖြစ်လျက်
ဖွင့်လှစ်သံညှင်း မသီလျှင်မူ
သီချင်းဆိုတာ ဘာလဲကွယ်....

ရင်တွင်းသံစဉ် ချကာစဉ်လျက်
ခံစားချက်ဖြင့် ရေးသားကြမူ
ကဗျာဆိုတာ ဘာလဲကွယ်....

နုထွေးစင်ဖြူ မေတ္တာဟူလျက်
မလှူမကမ်း မျှမတမ်းဘဲ
အသည်းတွင်မြှုပ် ရင်တွင်အုပ်လျက်
ကိုင်ဆိုပ်ဝှက်ကာ သိမ်းဆည်းပါမူ
မေတ္တာဆိုတာ ဘာလဲကွယ်..............

1 comments:

လွမ်းလုင် said...

“နုထွေးစင်ဖြူ မေတ္တာဟူလျက်
မလှူမကမ်း မျှမတမ်းဘဲ
အသည်းတွင်မြှုပ် ရင်တွင်အုပ်လျက်
ကိုင်ဆိုပ်ဝှက်ကာ သိမ်းဆည်းပါမူ
မေတ္တာဆိုတာ ဘာလဲကွယ်.”
ဒီအပိုဒ်လေးကိုတော့ တော်တော် ကြိုက်တယ်ဗျ.. မေတ္တာဆိုတာ အမြဲပွားနေရမယ်... သိမ်းဆည်းထားယုံနဲ့ မပြီးဘူး...