The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Tuesday, 1 April 2008

နှစ်သစ်ကို စိတ်သစ်နဲ့ ကြိုဆိုကြပါစို့

သြော်.....
နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လို့လာပြီ
နှစ်သစ်မှာ
ငါ ဘာတွေလုပ်မလဲ
စဉ်းစားဖို့ လိုလာပြီ
အခုမှ စဉ်းစားရမှာ
တချို့ကပြောကြတယ်
ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့
ကျွန်မအထင်ကတော့ ပြီးမယ် မထင်ဘူး
ဘာလို့လဲဆိုတော့ အတိတ်ဆိုတာ လူတိုင်းမှာ ရှိတယ်လေနော်
တမ်းတဖို့မှ မဟုတ်တာ၊ အနာဂတ်လဲဒီလိုပဲ စိတ်ကူးယဉ်နေရုံနဲ့
ဘာမှမဖြစ်လာဘူးလေ၊ အဓိက ကတော့ ယခုလက်ရှိအချိန်ဟာ
အရေးကြီးဆုံးပဲလေ ဒီတော့ ဘာပဲလုပ်လုပ် အမှားအမှန် ခွဲခြားသိမြင်ပြီး
မကောင်းမှုကို အဝေးကရှောင်ပြီး
အသိတရားလေး ကိုယ်မှာကပ်ပြီး တစ်နေ့ထက် တစ်နေ့ အောင်မြင်တိုးတက်မှု
ရှိဖို့ လိုအပ်နေတယ်လို့ ကျွန်မ သဘောပေါက်လိုက်မိပြီ သူငယ်ချင်းတို့ရယ်.....


နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနိးကာလ၊ နှစ်ဟောင်းကို စွန့်ခွာပြီး နှစ်သစ်မှာ
ခြေမချခင် လမ်းဆုံမှာ ခြေစုံရပ်ပြီး ဆင်ခြင်သုံးသပ်ရပါမယ်။ နှစ်ဟောင်းကနေ
နှစ်သစ်ကို ကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာ ငါ မသေခဲ့လို့ပဲ၊ နှစ်ဟောင်းမှာ
မသေခဲ့ပေမဲ့ နှစ်သစ်ကိုရောက်တာနဲ့ ငါ့အသက်တစ်နှစ်ကြီးလာပြီ၊ သေဖို့ တစ်နှစ် ပိုနီးလာပြီ။
နှစ်သစ်ရဲ့ ရက်စွဲတစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။ နှစ်ဟောင်းမှာ သေခြင်းတရားကို
လွန်မြောက်ခဲ့ပေမဲ့ နှစ်သစ်မှာ လွန်မြောက်ချင်မှ လွန်မြောက်မယ်။ နှစ်ဟောင်းမှာ ငါဘာတွေ လုပ်ခဲ့လဲ။ ငါ့အတွက် ဘာအကျိုးတွေ ခံစားရလဲ။ စဉ်းစားဖို့ လိုလာပြီနော်။ ပြီးတော့ နှစ်သစ်မှာရော အချိန်တွေ ဖြုန်းမှာလား။
အချိန်တွေ သုံးမှာလား။ ကိုယ်လုပ်ချင်တဲ့ အလုပ်၊ ကိုယ်လုပ်သင့်တဲ့ အလုပ်ဆိုတာ မသေခင်ကာလလေးမှာပဲ
လုပ်ပိုင်ခွင့်ရှိပါတယ်။ သေပြီးရင် ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ပါဘူး။ ခုလို နှစ်ဟောင်းကုန်ကျူး နှစ်သစ်ကူးတော့မဲ့
အချိန်ကာလမှာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ သေခြင်းတရားကိုလည်း သတိရနေမိတယ်။
ဒါကြောင့် သင်တို့အားလုံးကော မသေခင် ဘာလုပ်ကြမလဲ ဟင်..........................

သင်္ကြန်နဲ့ ပိတောက် ခွဲလို့မရဘူး တဲ့.....။ တစ်နှစ်ကုန်လို့ နှစ်သစ်ကို ကူးတော့မယ်...။ ရှေးလူကြီးတွေ ပြောစကားရှိတယ်.. နှစ်ဟောင်းက အညစ်အကြေးကို နှစ်သစ်မပါအောင် သင်္ကြန်ရေနဲ့ ဆေးရတယ်တဲ့...။ သင်္ကြန်ရေနဲ့ဆေးတိုင်း စိတ်အညစ်အကြေးတွေ ကင်းစင်ကုန်ရင် ကောင်းတာပေါ့နော်...။ ဒါƞ