The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Thursday, 10 January 2008

အလွမ်းသို့ တိုင်တည်ခြင်း


လွမ်းစရာရှိရင်
နာစရာနဲ့ဖြေမယ်လို့
တွေးထားပေမဲ့
လွမ်းမိတဲ့အခါ
နာစရာကို မတွေးမိတာ
ဘာကြောင့်လဲ
ရှင်းရှင်းလေးပဲ
သူ့ကို လွမ်းနေမိလို့ပေါ့...
လွမ်းတယ်ကွယ်
ကိုယ့်ရဲ့အရာရာဟာ
အလွမ်းတွေနဲ့ ပြည့်သိပ်နေတယ်
သတိရခြင်းဆိုတာ
တစ်ခါတစ်ရံမှ
ဖြစ်ပေါ်တတ်ပေမဲ့
အလွမ်းတွေကတော့
အစည်းအတားမရှိ
နာရီတိုင်း၊ အချိန်တိုင်း၊ စက္ကန့်တိုင်း
လှုပ်ရှားမှုတွေရှိနေသရွေ့
ကိုယ်နဲ့အတူ
အလွမ်းတွေဟာ
ရှင်သန်နေတယ်
အလွမ်းတွေရယ်
ဖြစ်နိုင်ရင်
မင်းရဲ့ဝေးရာကို
သွားပါရစေ....
ကိုယ့်ကို အလွမ်းကမ္ဘာထဲမှ
ထွက်သွားခွင့်ပြုပါ..
ကိုယ့်ရဲ့အိပ်မရတဲ့ညတွေမှာ
အလွမ်းတွေက နှိပ်စက်နေဆဲ
မင်းရဲ့ဝေးရာကို
မသွားနိုင်သရွေ့
ကိုယ်ဟာ
မင်းနဲ့အတူ ရှိနေဦးမှာပါ....
ခုတော့....
လွမ်းရင်းနဲ့
ဆက်လွမ်းနေမယ် အလွမ်းရယ်......