The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Wednesday, 23 January 2008

အိမ့်မက်ရှင်

လပြည့်ညရောက်လာပြန်ပေါ့
လမင်းကြီးကို ငေးကြည့်ရင်း
ကြယ်တွေကို ရေတွက်ခဲ့
ဒီလိုညမှာ
အကြင်နာအရိပ်ပါးပါးတစ်ခု
ငါ့အနားကို ရောက်ရှိလာခဲ့
သူ့ရဲ့ဂရုဏာမျက်ဝန်းလေးနဲ့
ငါ့ကို ခွန်အားတွေပေးမြဲ
ငါလေ ဒီလို ညမျိုး
ဒီလို အိပ်မက်မျိုးကနေ
ပျောက်ကွယ်သွားမှာ
စိုးရွံ့လို့နေမိတယ်...
သူ ဘယ်လိုလူလဲ
ဘယ်မှာလဲ
ရောက်လေရာမှာ ရှာဖွေခဲ့ပေမဲ့
ခုထိ အိပ်မက်ထဲမှ
တစ်ယောက်သော သူ
ဘယ်လိုလူလဲဆိုတာ
ငါ မသိခဲ့
ကံကြမ္မာရယ်
တောင်းခွင့်သာ ရှိရင်
အိပ်မက် မဟုတ်တဲ့ ဘ၀မျိုး
ဖန်တီးပေးပါ
အကြင်နာအရိပ်
ဂရုဏာမျက်ဝန်းရှင်ရယ်
မင်း ဘယ်ဆီမှာလဲ....
မင်းပေးတဲ့ခွန်အားနဲ့အတူ
ငါလေ အသက်ဆက်ရခက်နေလို့
အိပ်မက်မဟုတ်တဲ့ အိပ်မက်ရှင်ရယ်....


Microsoft Word 2003 - 2007 ပြဿနာ အဖြေရှာ

ပထမဆုံး မိုင်ကရိုဆော့ဖ်ဝေါ့ကို ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ထိုစဉ်ကအမည်မှာ Multi-Tool Word for Xenix System ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှာ မိုင်ကရိုဆော့ဖ်ဝေါ့ဟု အမည်ပြောင်းထုတ်လုပ်ခဲ့ပါတယ်။ မိုင်ကရိုဆော့ဖ်ကို အမေရိကန်နိုင်ငံအခြေစိုက် မိုက်ကရိုဆော့ဖ်ကုမ္ပဏီရဲ့ အဓိက စာစီဆော့ဖ်ဝဲတစ်ခုဖြစ်သလို ယခုလက်ရှိမှာလည်း ကျွန်မတို့နိုင်ငံမှာ ရုံးသုံး၊ လုပ်ငန်းသုံးအဖြစ် လူသိများလာပါတယ်။ ဒီလို လူသုံးများလာသလို ဗားရှင်း အသစ်အသစ်တွေလည်း အမြဲထွက်ပေါ်လျက် ရှိပါတယ်။ ဟိုးရှေးက ဗားရှင်းတွေကိုတော့ ကျွန်မ မပြောတော့ပါဘူး။ အင်း ၂၀၀၁ ခုနှစ်မှာ Word 2003 (version 10) လို့ခေါ်တဲ့ Office XP ဆိုတာ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟော ၂၀၀၃ ခုနှစ်လည်း Word 2003 (version 11) ရောက်ရော ဆိုပြီး Office 2003 ပေါ်ထွက်လာခဲ့တာဆိုရင် အခုလက်ရှိမှာ လူတော်တော်များများ သုံးနေကြတဲ့ Word 2003 လို့ ပြောလို့ရတာပေါ့နော်။ ခေတ်က အမြဲပြောင်းလဲနေတယ်ဆိုတာ ကျွန်မ သိခဲ့ရပြန်တယ်။ ကဲ အခု ၂၀၀၈ ခုနှစ်ရော်လာပြန်တော့ Office 2007 ဆိုတာ ထပ်ထွက်လာပြန်ပြီ ။ကျွန်မတို့ Office 2003 ကို ခုမှ လေ့လာတုန်းရှိသေးတယ်။ နောက်ဗားရှင်းတစ်ခုက ထွက်ပေါ်လာပြန်ပြီ။ ကဲ ဘယ်လိုလုပ်ကြမလဲ။ Word 2007 (version 12) ကို ၂၀၀၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာလို့ သိခဲ့ရပြန်တယ်။ Office 2007 အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်မှာ စတင်ရောင်းချခဲ့ပါတယ်။
အမှန်ပြောရရင် အရင် ၂၀၀၃ မိုင်ကရိုဆော့ဖ်ဝေါ့တောင် လေ့လာလို့ မဆုံးသေးတာ။ အ