The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Thursday, 31 January 2008

အလွမ်းည

တစ်ခါဆီက
ပြာရီေ၀၀ါး နှင်းညများမှာ
ချစ်ခြင်းသီကုံး
မျက်လုံးများနှင့် ပြုံးခဲ့ကြတယ်
လရိပ်စိုစို ကြယ်ငိုတဲ့ည
ဒါ... ဂီတတဲ့။
ရယ်သံတိုးတိုး အိပ်မက်လှုပ်နှိုးရင်း
အိပ်မက်ထဲမှာ ရောက်ရောက်လာသူ
ရင်ခုန်သံများနှင့်ရင်းနှီး
ပန်းစုံပွင့်တဲ့ ညတစ်ည။
ကြာခဲ့ပေမဲ့ ပြာလဲ့နေဆဲ
နေ့ရက်ဟောင်းတွေ
ဘယ်လောက်ဝေးပစေ မေ့မနေခဲ့
ဘယ်လောက် မုန်းပစေ
ကိုယ်ပြုံးနေခဲ့။
ရက်တွေ လစား နှစ်တွေခြားလည်း
အိပ်မရတဲ့ ညများစွာဝယ်
တလည်လည်နှင့်
အတွေးနယ်ထဲ ဝေခွဲခက်စွာ
ပုံရိပ်ဟောင်းများ
ကယောက်ကယက် မဖျောက်ဖျက်နိုင်
သူမသိအောင်
အပူငွေ့လောင်ကျွမ်း
မျက်ရည်ခန်းလည်း
တစ်ခြမ်းတည်းသော အသည်းလွှာနှင့်
မြဲစွာချစ်မည့် သစ္စာရယ်ပေါ့
တစ်ကိုယ်တည်းသာ တိုးတိတ်ရွတ်ဆို
လမင်းပျိုနှင့် ကြယ်စင်များကို
သက်သေတည်။

ကြွေးဟောင်းဆပ်ခွင့်ပြုပါ

လောကမှာ
နေထိုင်စရာအတွက် မြေ
ရှူရှိုက်ဖို့အတွက် လေ
သောက်သုံးဖို့အတွက် ရေထက်
သားသမီးတွေအတွက်
အဖိုးမဖြတ်နိုင်သော အမေသာ
အရေးကြီးဆုံးပါ အမေ...
ကြည်လင်ချိုအေးတဲ့
ကျောက်စက်ကျစမ်းရေဟာ
မောပန်းရေဆာသူတွေအတွက်
အဖိုးမဖြတ်နိုင်တာထက်
သားသမီးတွေအတွက်ကတော့
အမေ့ရဲ့အပြုံးတစ်ချက်ဟာ
ဘာနဲ့မှ မလဲနိုင်အောင်
အဖိုးမဖြတ်နိုင်ဆုံးပဲ အမေရေ...
အမေ့စေတနာကို
ဖက်မနမ်းမိ
ကြာပါပြီ
ရက်၊ လ၊ နှစ်တွေ
ဆံပင်ဖြူတော့မယ့်အထိပေါ့
အခုမှ
ဦးနှောက်ကို ဆားခပ်ပြီး
ပြန်စဉ်းစားကြည့်မိတယ်
ငါဟာ ပေးဆပ်ခြင်းကို
ကျေပွန်အောင် မပြုလုပ်ရသေးပါလား
အမေရယ်
စိတ်ထဲမှာ
အကြိမ်ကြိမ်ခံစား
အမေနဲ့အတူ ရှင်သန်ခွင့်တွေ
အမြဲရချင်တယ် အမေရယ်...
သမီးကို ကျေးဇူးဆပ်ခွင့်ပြုပါ အမေ...