The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Friday, 8 February 2008

၂၀၀၆ ခုနှစ် အကောင်းဆုံးဆု

Photobucket
Photobucket

Photobucket
၂၀၀၆ ခုနှစ် အမျိုးသားဇာတ်ပို့ဆုရှင်ကတော့ တက်သစ်စ ဇာတ်နဲ့အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်သွားတဲ့ ဖိုးကျော်ပဲ ဖြစ်ပါတယ်။ မျှော်လင့်ခြင်းများစွာဇာတ်ကားတွင် ပီပြင်အောင်သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။
အမျိုးသမီးဇာတ်ပို့ဆုရှင်ကတော့ မေသဉ္စာဦးပဲ ဖြစ်ပါတယ်။
အောကာင်းဆုံးဇာတ်ကားဆုရှင်ကတော့ န၀ရတ်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်ပြီး ဇာတ်ညွှန်းဆုကီးဇော်မြင့်ဦးပဲ ဖြစ်ပါတယ်။
အကောင်းဆုံး ဒါရိုက်တာဆုရှင်ကတော့ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ပဲ ဖြစ်ပါတယ်။
အကောင်းဆုံး တေးဂီတဆုရှင်ကတော့ ကိုသော်ဇင် လ၀န်းအိမ်ဖြစ်ပါတယ်။
တည်းဖြတ်ဆုရှင်ကတော့ ဇော်မင်း (ဟန်သာမြေ) ဖြစ်ပါတယ်။
ဓာတ်ပုံဆုရှင်ကတော့ ဦးသန်းညွန့် (ပန်းသာ) ဖြစ်ကြပါတယ်။

၂၀၀၆ ခုနှစ် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု

Photobucket

၂၀၀၆ ခုနှစ် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သူကတော့ အကယ်ဒမီငါးဆုရှင် ရန်အောင်ပဲ ဖြစ်ပါတယ်။
ဦးရန်အောင်ဟာ ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာတွင် သူ့ရဲ့ကျရာနေရာကနေ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အကယ်ဒမီဆုများစွာကို လက်ဝယ်ပိုင်ပိုင်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်

Photobucket
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုရသူကတော့ နာန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။
တောင်သမန်သစ္စာ ဇာတ်ကားတွင် သရုပ်ဆောင်သွားသူ ဖြစ်ပါတယ်။