goldmyanmar
ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

မြန်မာ ဘလောက်ဂါ တွေ ဖြစ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ အေးအေးလေး သီချင်းတွေ အများစုပါဝင်ပါတယ်…။ တေးရေးတွေ ကတော့ ကိုမျက်လုံး၊ မင်းယွန်းသစ်၊ ဂေါက်ဂေါက်၊ မောင်ခ အော် ရေးရင်းနဲ့ old blog band က လူအကုန် ကုန်ပြီ။ အော် ဘလောက်ဂါတွေ တွေကြုံခဲ့ရတဲ့ အဓိက အဖြစ်အပျက် တွေကို သီချင်း အအေး တွေနဲ့ ဖွင့်ချထားပါတယ်..။ ဘလောက်ဂါတွေလဲ ဒီပို့စ်ကို ၀ိုင်း ကြော်ငြာပေးကြ အုံးနော်..။ စပွန်ဆာက mbs ပါ။ နားထောင်ကြည့်လိုက်ပါ။ တခုခု တော့ ကိုယ်ဘ၀ တစ်ပိုင်းတစ်စ နဲ့ သွားပြီးတိုက်ဆိုင်ချင် တိုက်ဆိုက်နေပါလိမ့်မယ်.။
(ဤပို့စ်ကို ညီမလေးသဲသဲဘလော့ဂ်မှ ပြန်လည် ကူးယူဖော်ပြပါသည်။)
How ကို သိတဲ့လူဟာ အလုပ်သမားကောင်းဖြစ်မယ်။ Why ကို သိတဲ့လူဟာ အလုပ်ရှင်ကောင်းဖြစ်မယ်။ လူ့အသက်ဟာ ၂၅ နှစ်မတိုင်ခင်ပဲ ကြာနေတာ ကျော်လွန်သွားတာနဲ့ ကုန်တာ အရမ်းမြန်မတယ်။ ခံယူချက်နဲ့ ရည်မှန်းချက်ကို ၂၅ နှစ်မတိုင်ခင် တိတိကျကျ ဆုံးဖြတ်မှ အောင်မြင်မှု ခိုင်မာမယ်။
သေသေချာချာ ကြီးပွားချင်ရင် သေသေချာချာ လုပ်ပါ။ လူတစ်ယောက်မှာ အရည်အချင်းရှိ မရှိဆိုတာ သူ ရရှိထားတဲ့နေရာကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
အခက်အခဲ၊ ဒုက္ခတစ်ခုခုနဲ့ ရင်ဆိုင်ရရင်
ငါ့ရဲ့စိတ်ကို ကြီးမြင့်အောင်။ ငါ့ကို ခံနိုင်ရည် ဘယ်လောက်ရှိလဲ စမ်းနေပြီ။
ဆိုပြီး အံကြိတ်ပြီးတော့သာ ခံပေတော့။ အဲဒါအခါမှာ စိတ်ဓာတ်စွမ်းအား ပြည့်လာလိမ့်မယ်။ မယုံရင် စမ်းသပ်ကြည့်လိုက်ပါနော်။