The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Thursday, 6 March 2008

ရန်ကုန်မြို့ ကမာရွက်မြို့နယ် စိမ်းလဲ့ကန်သာလလမ်း၌လူငါးဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်း


ရန်ကုန်မြို့ ကမာရွက်မြို့နယ် (၉) ရပ်ကွက် စိမ်းလဲ့ကန်သာလလမ်းခြံအမှတ် (၁၂၆) ၌ မတ် ၃ ရက် ညနေပိုင်းတွင် သေနတ်ဒဏ်ရာများဖြင့် လူငါးဦး သေဆုံးနေကြောင်း သိရပါတယ်။
နေအိမ်အပေါ်ထပ် လှေကားထိပ်၊ အိပ်ခန်းခုတင်ပေါ်နှင့် ခုတင်ဘေး ၀ဲ^ယာတို့၌ သေနတ်ဒဏ်ရာများနှင့် သေဆုံးနေတဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးလေးဦးတို့ကို တွေ့ရှိခဲ့တယ်လို့ သတင်းရပါတယ်။ သေဆုံးသူများသည် ဦးချာလီ(ခ) ဦးစောကြည်ဖ (၆၀) နှစ် (ဘ) ဦးခွန်ပန်းစိန်ဆိုသူမှာ ယာလက်ကောက်ဝတ်ကျည်ဆန် ထုတ်ချင်းပေါက်၊ ၀ဲချိုစောင်းနှင့် ယာမျက်လုံးအောက် ကျည်ဆန်ဝင်ထွက်ဒဏ်ရာ၊ ယာနားထင်ေ၇ှ့ သေနတ်ဒဏ်ရာနဲ့တွေ့ရှိပြီး ဒေါ်စန်းစန်းမြင့် (၅၈) နှစ် (ဘ) ဦးမြမောင်ဆိုသူမှာ ၀ဲဘက်နားနောက်နှင့် ၀ဲမျက်ခုံးအောက် ကျည်ဆန်ဝင်ထွက်ဒဏ်ရာ၊ ယာနားထင်ရှေ့သေနတ်ဒဏ်ရာနှင့် လည်းကောင်း၊  မမြစန္ဒာ (၃၆) နှစ် (ဘ) ဦးစောကြည်ဖဆိုသူမှာ ယာနားထင်နှင့် ၀ဲဘက်ပါး ကျည်ဝင်ထွက်ဒဏ်ရာ၊ ယာလက်ကောက်ဝတ် ကျည်ဖောက်ဝင်ဒဏ်ရာနဲ့လည်းကောင်း၊ မနှင်းပွင့်အေး (၂၇) နှစ် (ဘ) ဦးစောကြည်ဖဆိုသူမှာ ယာနားထင်နှင့် ယာမျက်ခုံးထောင့် ကျည်ဝင်ထွက်ဒဏ်ရာနှင့်လည်းကောင်း၊ မအယ်ဖော (၁၅) နှစ်ဆိုသူမှာ ၀ဲဘက်နားထင် ဖောက်ဝင်ဒဏ်ရာများနဲ့သေဆုံးနေကြောင်း သတင်းရရှိပါတယ်။