ဒီနေ့ မိုးလင်းတည်းက စိတ်မကြည်ဘူး။ခေါင်းတွေလည်း တအားမူးနေတယ်။ အလုပ်ကလည်း မသွားလို့မဖြစ် ၀မ်းစာက ရှိသေးတယ်ဆိုပြီး အားတင်းထွက်ခဲ့တယ်။ ကားဂိတ်ရောက်တော့ လာတဲ့ကားတိုင်း ကျပ်ညှပ်နေတာအလွန်ပဲ။ မစီးလို့လည်း မဖြစ်တဲ့ဘ၀ဆိုတော့ တိုးစီးခဲ့ရတယ်။ကားပေါ်ရောက်တော့ ထုံးစံအတိုင်း မတ်တတ်ရပ်လျက်နဲ့ ပါလာတုန်း လမ်းရောက်တော့ ထိုင်နေတဲ့သူက သနားလို့ထင်တယ် ထပေးရှာတယ်။ ဟန်တောင် မဆောင်နိုင်ဘူး ၀င်ထိုင်ပြီး မျက်စိစုံမှိတ်ပြီး လိုက်ရတယ်။
ရုံးရောက်တော့ ခေါင်းကအရမ်းမူးနေတယ်။ ရုံးက ကလေးတွေက အစ်မ ဘာဖြစ်လာတာလဲတဲ့။ လူကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့တဲ့။ ဘာမှ မပြောနိုင်ဘူး။ ဆေးအမြန်သောက်ရတယ်။ ခုရက်ထဲမှာ ဘာဖြစ်နေလဲ မသိဘူး။ တစ်ခါတလေ စဉ်းစားမိတယ်။ ငါသာ တစ်ခုခုဗြုန်းစားကြီး ဖြစ်သွား၇င် ကိစ္စမရှိဘူးလို့လည်း တွေးမိတယ်။ ခုတစ်လော နက်ကလည်း မကောင်း၊ ကိုယ်ရှိစဉ်မှာ ပြောချိန်တာတွေ ပြောခဲ့ချင်သေးတယ်။ ရေးထားတာတွေ ရှိပေမယ့် မတင်ဖြစ်သေးဘူး။ ငွေကြေးကြောင့်ရယ် နက်ကြောင့်ရယ် အချိန်ကြောင့်ရယ် ဒါကြောင့် အားလုံးနားလည်ပေးကြပါနော်။
goldmyanmar
ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....
Saturday, 8 March 2008
Subscribe to:
Posts (Atom)
