The Timeless Beauty of Goldmyanmar

goldmyanmar


ဘ၀မှာ စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘ၀လေးကို ပိုင်ဆိုင်ချင်ပါတယ်။
အိမ်သစ်လေးကိုလည်း ဆက်လက်အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အမြဲလာလည်နိုင်ပါစေ.....

Friday, 21 March 2008

တပေါင်းလပြည့်နေ့


တပေါင်းလသည် မြန်မာလတွေရဲ့ တစ်ဆယ့်နှစ်လမြောက်ဖြစ်ပြီး တစ်နှစ်တာရဲ့ နောက်ဆုံးလဖြစ်ပါတယ်။ ဆောင်းကူးနွေစ သာယာလှတဲ့လဖြစ်ပြီး ရွက်ဟောင်းလေးတွေ ကြွေကျနေခြင်းဟာ လူတွေကို လွမ်းဆွတ်မှုကို ဖြစ်ပေါ်စေပြီး ဖေဖော်ဝါရီလနှင့် မတ်လမှာ ကျရောက်ပါတယ်။ ဒါကြောင့်လည်း နေ့ပူလို့ ညချမ်း၊ တပေါင်းလဆန်းလို့လည်း ရှေးလူတွေက ဆိုထုံးပြုခဲ့ကြတာပေါ့။
တပေါင်းလရဲ့ ရာသီပွဲတော်ဟာ သဲပုံစေတီပွဲတော်ဖြစ်ပါတယ်။ သဲတွေကို စုပုံ၍ စေတီအသွင်တည်ကာ သဗ္ဗညုတမြတ်စွာဘုရားအား ရည်မှန်းပူဇော်ခြင်း ဖြစ်ပါတယ်။ သဲပုံစေတီပွဲတော်ဟာ ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှုပွဲတော်ဖြစ်သဖြင့် မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာစတင်ထွန်းကားလာချိန်မှာပင် ရှိခဲ့တဲ့ ပွဲတော်လို့လည်း ယူဆရပါတယ်။ မြန်မာနိုင်ငံတွင် တပေါင်းလသို့ ရောက်သည့်အခါ မြစ်တွေ၊ ချောင်းတွေမှာ ရေစစ်ပြီး သဲခုံသောင်ခုံဖြူဖြူဖွေးဖွေးများ ပေါ်ထွန်းလာလေ့ရှိပါတယ်။ တောင်သူဦးကြီးတို့လည်း လယ်ယာလုပ်ငန်းများမှ အနားယူချိန်လည်း ဖြစ်ပါတယ်။ ဟိုအရင်တုန်းကတော့ ရှေးမြန်မာမင်းတွေဟာ ထိုသဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ်မှတ်ပြီး ရွှေနန်းတော်ကြီးမှ ကျေးလက်တောရွာများအထိ ခြိမ့်ခြိမ့်သဲ ဆင်ယင်ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
သဲပုံစေတီပွဲတော်ဟာ ယခုခေတ်ကျတော့ ပျောက်ကွယ်လုနီးပါးရှိနေပါပြီ။ မန္တလေးစတဲ့ မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာအနည်းငယ်မှာသာ ကျင်းပကြပါတော့တယ်။ ယခုတော့ သဲပုံစေတီပွဲတော်အစား စေတီပုထိုးများ၌ ဗုဒ္ဓပူဇနိယပွဲတော်တွေကို ကျင်းပကြပါတော့တယ်။ အဲဒီဘုရားပွဲတော်ကိုလည်း တပေါင်းပွဲလို့ ခေါ်ကြတယ်လေ။ ဒီကနေ့ဟာဖြင့် တပေါင်းလပြည့်နေ့ ဖြစ်ပါတယ်။ ဒီစာစုလေးဖြင့် ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ကန်တော့လိုက်ရပါတယ်ရှင်။
 
သာသနာပြု သူတော်စင်မိတ်ဆွေအပေါင်းတို့ကို သတင်းကောင်းလေးပါးလိုက်ပါရစေ...
အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း (၂)

ဗုဒ္ဓဘာသာကို အခြေခံမှစ၍ စနစ်တကျ သိရှိနားလည်ပြီး မိရိုးဖလာ သဒ္ဓါဗုဒ္ဓဘာသာဝင်များအဖြစ်မှ ပညာဗုဒ္ဓဘာသာဝင်များအဖြစ် ကူးပြောင်ရပ်တည်သွားနိုင်ကာ ပစ္စုပ္ပန် - သံသရာ၊ မိမိ - သူတစ်ပါး (အမျိုး-ဘာသာ-သာသနာအကျိုး)များကို ဆည်းပူးပွားများဆောင်ရွက်သွားတတ်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ပေးသော သင်တန်းဖြစ်ပါတယ်။

သင်တန်းကာလ - (၂၂-၃-၂၀၀၈) မှ ၉၇-၄-၂၀၀၈) အထိ ၁၆ ရက်
သင်တန်းအချိန် - နေ့စဉ် နံနက် (၇) နာရီမှ (၈း၃၀) နာရီ
သင်တန်းနေရာ - ဓမ္မဗျူဟာ သာသနာမာမကအဖွဲ့၊ (လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်း)
ြ ကားတောရလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ သို့ သွားရောက်တက်နိုင်ပါတယ်ရှင်။